ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အခြေခံမူ(၇)ချက်နှင့် လူမျိုးဘာသာမရွေး လူမှုရေးလုပ်ငန်းများအား ကူညီဆောင်ရွက်

ချောင်းဆုံ  စက်တင်ဘာ  ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လူမှုရေးလုပ်ငန်းများကို အခြေခံမူ()ချက်နှင့်အညီ လူမျိုးဘာသာမရွေး ကူညီဆောင်ရွက်ပေးနေပြီး ဒေသခံပြည်သူများ၏ ကူညီလှူဒါန်းမှုဖြင့် ယခုကိုဗစ်တတိယလှိုင်းတွင်လည်း လိုအပ်သည့်နေရာများ၌ ဘက်ပေါင်းစုံမှ နေ့/ မရွေး အချိန်ပြည့်လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ  ဆောင်ရွက်ပေးနေကြောင်း သိရ သည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပေါ်ချိန်ကစပြီး ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ယခုအချိန်အထိ ကြက်ခြေနီတပ်ဖွဲ့ဝင်များအနေနဲ့ Isolation ward Positive Center မှာ တာဝန်ယူဆောင်ရွက်ပေးတယ်၊ ဒုတိယလှိုင်းတုန်းက ဆိုရင်လည်း Quarantine   Center မှာ နေ့/ ဂျူတီယူပြီး Center ဝင်ရောက်သူတွေကို ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတယ်၊ အောက်ဆီဂျင်အိုးတွေ ငှားရမ်းအသုံးပြုတာတွေကို  ဆောင်ရွက်ပေးခြင်း၊   လူနာတင်ယာဉ် ()စီးဖြင့် လူနာများကို ကြို/ပို့ပြုလုပ်ပေးခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့တဲ့သူတွေကို ဆေးစစ်ဖို့ ကူညီဆောင်ရွက်ပေးခြင်း၊ အောက်ဆီဂျင်ကျတဲ့လူနာများကို  ချောင်းဆုံဆေးရုံမှတစ်ဆင့်  မော်လမြိုင်ဆေးရုံသို့ လူနာအလွှဲအပြောင်း ပို့ဆောင်ပေးခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာလည်း၊ စုရပ်တွေမှာလည်း တပ်ဖွဲ့ဝင်(၁၀)ဦးမှာ နေ့စဉ်ကူညီဆောင်ရွက်ပေးခြင်း၊   အခြေခံမှု()ချက်နှင့်   မည်သူမဆို လူမျိုးဘာသာမရွေး ကူညီပေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင် အနေနှင့် မြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူနှင့် ပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာများ၌ စဉ်ဆက်မပြတ် Mask Campaign ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ခြင်း၊ အသိပေးပိုစတာ၊ ဗီနိုင်းများကပ်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ စေတနာရှင် အလှူရှင်များမှ  လှူဒါန်းထားသည့် ရန်ပုံငွေများဖြင့် လူမှုလုပ်ငန်းများကို ကူညီဆောင်ရွက်လျက် ရှိကြောင်း  ကိုဗစ်-၁၉ ရောဂါမှ  ကင်းဝေးအောင်၊ ကူးစက်မှုတွေ လျော့နည်းအောင်တော့ တတ်နိုင်သည့်ဘက်ကနေ ဆက်လက်ဆောင်ရွက်ပေးနေပါကြောင်း မြို့နယ်ကြက်ခြေနီအသင်း (EC) ဒေါ်နွယ်နီလင်း က ပြောသည်။

ချောင်းဆုံ