ကျိုက်မရော စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး ပျက်စီးဧက (၄၄၁၈) အပေါ် ပြန်လည်စိုက်ပျိူးမည့်တောင်သူများအား မျိုးစပါးများဒုတိယအကြိမ် ထောက်ပံပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးကျော် က မိုးစပါး ပျက်စီးဧကများအပေါ် မျိုးစပါးများ ထောက်ပံပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ကျိုက်မရောမြို့နယ် မိုးစပါးပျက်စီးဧက ၅၅၇၁ ဧကအပေါ် ပြန်လည်စိုက်ပျိူးနိုင်မည့် (၄၄၁၈) ဧက အတွက် တောင်သူ (၄၀) ဦး တို့အား တစ်ဧက ၁ တင်းနှုန်းဖြင့် မျိုးစပါးအိတ်များကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှတင်မောင် ထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး