မုဒုံမြို့နယ်၌နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ပေးရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

မုဒုံ       စက်တင်ဘာ     ၃၀

 

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ဘဲရမ်းကျေးရွာရှိစာသင်ကျောင်း၌ စက်တင်ဘာ၂၉ရက်နေ့      ကကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် ကျေးရွာများအရောက်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး နိုင်လယိတမ(ခေါ်)နိုင်ခင်မောင်ဇင်၊ လူမှုရေးရာဝန်ကြီး(လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး) ဦးတင်ချယ်၊   ဒုပြည်နယ်မှူးဦးသန်းဇော်ဦးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါဘဲရမ်းကျေးရွာအုပ်စု၌ပန်းခင်းစီမံချက်ဖြင့်ပြည်သူ၈၇ဦးအတွက်နိုင်ငံသားစိစစ်ရေးကတ်ပြားကိုကျေးရွာအရောက်ကွင်းဆင်းပြုလုပ်ပေးခြင်းဖြစ်ပြီး မုဒုံမြို့နယ်အတွင်းရှိပြည်သူစုစုပေါင်းဦးရေ၂၇၀၀ ကျော်ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)