ကျိုက်ထို စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံပေးခဲ့သည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖြိုးဝင့်ကိုက ခွေးရူးရောဂါကူးစက်ခံရနိုင်သည့် အကြောင်းရင်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှုနှင့် အိမ်မွေးတိရိစ္ဆာန်များ၏ အန္တရာယ်၊ လူတွင်ဖြစ်ပေါ်နေသည့် ခွေးရူးပြန်လက္ခဏာများ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးများအား အခမဲ့ထိုးနှံပေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ အိမ်မွေးခွေးကောင်ရေ (၁၀၀) ကောင်အား အိမ်တိုင်ရာရောက်သွားကာ ခွေးရူးရောဂါကာကွယ်ဆေးအား လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)