ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားမှုအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင် အောက်တိုဘာ ၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ကြေညာထားရာ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်း‌ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်းနှင့် ရပ်ကွက် ၂၉ ရပ်ကွက်၊ ကျေးရွာအုပ်စု  ၁၃  အုပ်စု တို့၏ မဲရုံစုစုပေါင်း ၁၁၇ တွင် အများပြည်သူများ သိရှိနိုင်ရန် အောက်တိုဘာ ၁၃ ရက်အထိ မဲဆန္ဒရှင်စာရင်းများအား ကပ်ထား ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)