ချောင်းဆုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုအခြေအနေများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၈)ရက်၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများမဲပေးနိုင်ရေးအတွက် စက်တင်ဘာလ (၃၀)ရက်နေ့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများကို ကြော်ငြာဘုတ်များဖြင့် ကြေညာထားခြင်းနှင့် မဲဆန္ဒရှင်များမှ လာရောက်ကြည့်ရှုနေမှု အခြေအနေများကို တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ (၃၀)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ(၁၄)ရက်ကြာ ကြေညာသွားမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်စာရင်းတွင် နာမည်၊ မှတ်ပုံတင်၊ အဘအမည်စသည်ဖြင့် မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်ရမည် ဖြစ်ကြောင်းနှင့် အဆိုပါ ပုံစံများအား မိမိတို့၏ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာခြင်းဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လာရောက်ကြည့်ရှုကာ ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်း နှင့် ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက နိုဝင်ဘာလအတွင်း ထပ်မံကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)