သထုံမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး

သထုံ စက်တင်ဘာ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ အခမဲ့ထိုးနှံပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာနှင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်နှင့်ဝန်ထမ်းများက ခွေးရူးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အသက်သုံးလနှင့်အထက် အိမ်မွေးခွေးနှင့်ကြောင် စုစုပေါင်း(၂၅၀)ခန့်တို့အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)