မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၃၀

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်အသင်း တာဝန်ရှိသူတို့မှ ပြိုင်ပွဲကို Color Ball ရိုက်၍ ဖွင့်လှစ်ခဲ့ကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများနှင့်အတူ ဂေါက်သီးရိုက်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အကောင်းဆုံးဂေါက်သီးရိုက်အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၌  ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ ရာမညနိကာယအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန့်တော့ပွဲအခမ်းအနားသို့ တက်ရောက်ရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်ပြီး မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကြွရောက်​တော်မူလာသော ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဝါတော် ၅၀ နှစ် အထက် ဆရာတော်ကြီးများ ပူဇော်ကန့်တော့ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့်ပက်သက်၍ ဝမ်းမြောက်ကြောင်းနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ မော်လမြိုင်မြို့၊ မြစေတီဆရာတော် (အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ)ထံမှ ရေစက်ချအနုမောဒနာတရား ခံယူဆောက်တည်ကာ အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။ ချောင်းဆုံမြို့နယ်လုံးဆိုင်ရာ ရာမညနိကာယအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီးများ ပူဇော်ကန့်တော့ပွဲအခမ်းအနားတွင် ဘီးလူးကျွန်းချောင်းဆုံမြို့နယ်အတွင်းရှိ ဝါတော် ၅၀ နှစ်အထက် ဆရာတော်ကြီး ၃၈ ပါးတို့အား ဖူးမြော်ကြည်ညို ပူဇော်ကန်တော့ကြကြောင် းသိရှိရသည်။

စည်သူ (ပြန်/ဆက်)