သံဖြူဇရပ် အောက်တိုဘာ ၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် အေးရိပ်သာမဟာစည် မန္တလေးကျောင်းတိုက် သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဝိသုတာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်ဖြင့် ချီးမြှင့်ကာ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုအစုစုတို့ကို မွန်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့နှင့်အလှူရှင်များမှ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှဝေသည်။
အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှစ၍ လပြည့်ကျော် ၅ ရက်အထိ နှစ်စဉ်ကျင်းပပေးပြီး လပြည့်နေ့နံနက်တွင် ဆွမ်းအိုးမျှောပွဲပြုလုပ်ကာ လပြည့်ကျော် ၅ ရက်အထိ ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လက်ဝှေ့ပွဲများဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားပွဲလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)