ကျိုက်ထို အောက်တိုဘာ ၆
မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင်အဘိဓမ္မာအခါတော်နေ့ဖြစ်သော အောက်တိုဘာ ၆ ရက် ဝါကျွတ်လပြည့်နေ့တွင်ရပ်ဝေးရပ်နီးမှပြည်သူအများသည် ဥပုသ်သီလ ဆောက်တည်ခြင်းတန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ခြင်းမိဘဆရာများအား မိသားစုအလိုက်တပျော်တပါးသွားရောက်ဂါရဝပြုကန်တော့၍အလှူဒါနများအားပြုလုပ်လျက်ရှိသည်။
ယင်းသို့လာရောက်ကန်တော့ကာအလှူဒါနပြုသူများသည် ကျိုက်ထိုမြို့၌ထင်ရှားသည့် မျှောလေးမျှော သမိုင်းဝင်မှဲ့ရှင်တော်ဘုရား၊ သံသရာအေးမဟာဗောဓိစေတီတော်၊ နှစ်ပေါင်း(၁၀၀)ကျော်ကသွန်းလောင်းပူဇော်ခဲ့သည့် မဟာမုနိရုပ်ပွားတော်နှင့်ဘုရားသုံးဆူတောင်ပေါ်ရှိ ဉာဏ်တော်အမြင့်(၂၅၅)ပေ(၆)လက်မရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်အားလာရောက်ဖူးမြော်သူများက ရွှေသင်္ကန်းကပ်လှူခြင်းပန်းရေချမ်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်း၍ ကုသိုလ်ဒါန ပြုလုပ်သူများနှင့်စည်ကားလျက်ရှိ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်