မွန်ပြည်နယ်

ပေါင်မြို့နယ်(အ.ထ.က)ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)ကျွဲခြံကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ် (၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှ ရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ ပူးတွဲမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်အေး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ဖွင့်လှစ်သည့်လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် Biometric အချက်အလက်များ ကောက်ယူခြင်း ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းဓမ္မာရုံး၌ ဆောင်ရွက်ပေးသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော အသက်(၁၂)နှစ်အောက် ကျောင်းသားအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ (၁) ရက်နေ့ မွန်းလွဲ (၂)နာရီခွဲက မြို့နယ်မီတာ(၄၀၀)အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်များ ထုတ်ပေးခြင်း ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးမြို့နယ် ဦးစီးမှူးရုံး၌ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက တောင်ဘုံကျေးရွာသူ၊ ကျေးရွာသားများအား ဆက်လက်ဆောင်ရွက်ပေးသည်။

စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဈေးကြိုရပ်ကွက်ဓမ္မာရုံ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းများ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးများက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်စန်းမြင့်က Facebook ၊ Viber ၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြု ရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်များ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အသက် (၁၈) နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော  အသက် (၁၂) နှစ်အောက် ကျောင်းသား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်