သထုံမြို့ အ.ထ.က(၄)ကျောင်းဝင်းအတွင်းမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့အပ်နှံ
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အ.ထ.က(၄) ကျောင်းဝင်းအတွင်း၌ ကျောင်းအဆောင်သစ်ဆောက်လုပ်ရန် မြေတူးရာမှတွေ့ရှိခဲ့သည့် ရှေးဟောင်းအုတ်ခွက်ဘုရားများကို တာဝန်ရှိသူတို့က ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံပေးခဲ့ကြောင်းသိရသည်။