မော်လမြိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard များစိုက်ထူ

မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့၌ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မော်လမြိုင်)မှ  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်‌ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များ ပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard စိုက်ထူးခြင်းအား ဆောင်ရွက်ခဲ့သည်။

အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)  ရဲမှူး မိုးဦးနှင့် တပ်ဖွဲ့ဝင် များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီး ရေးရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြိုအဖြစ် စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့၊ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မော်လမြိုင်)ရုံးရှေ့နှင့် မြိုင်သာယာ ဟင်္သာအဝိုင်း မိန်းလမ်းတွင် (အလျား၁၀ပေ x အနံ၈ပေ) ရှိ" လူကုန်ကူးခံရသူ တိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့" စာတန်းပါ လူကုန်ကူးမှုအသိပညာပေး Billboard ကို စိုက်ထူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)