သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ မီးဖိုချောင်သုံးတိုင်းရင်းဆေး ဂျင်း၏ အသုံးဝင်ပုံများအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

သထုံ စက်တင်ဘာ ၁

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက မီးဖိုချောင်သုံးတိုင်းရင်းဆေးတစ်မျိုးဖြစ်သည့် ဂျင်း၏ အသုံးဝင်ပုံများအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌မြို့နယ်တိုင်းရင်း‌ဆေးမှူး ဒေါ်စမ်းသီတာလှိုင်က မီးဖိုချောင်သုံးတိုင်းရင်းဆေးတစ်လက်ဖြစ်သည့် ဂျင်း၏ အရသာ၊ ဂုဏ်သတ္တိ၊ အသုံးဝင်ပုံများနှင့် ပျောက်ကင်းနိုင်သည့်ရောဂါများ၊ အသုံးပြုပုံများ၊ ဂျင်း အသုံးပြုသည့် တိုင်းရင်းဆေးများစသည့် မီးဖိုချောင်သုံးတိုင်းရင်းဆေးတစ်မျိုးဖြစ်သည့် ဂျင်း၏ ကျန်းမာရေးအတွက် အသုံးဝင်ပုံများအကြောင်းသိကောင်းစရာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်