နတ်စမ်းခေတ်မီစံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ကျိုက်မရော စက်တင်ဘာ ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ”ကို ယမန်နေ့ နံနက် ၉နာရီက နတ်စမ်းခေတ်မီစံပြကျေးရွာရှိ  ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူး  ဦးဝင်းနိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦးက သင်တန်းတွင် ထူးချွန်ဆုရရှိသော ထူးချွန်သင်တန်းသူ ၃ ဦးအား အပ်ချုပ်စက်၊ စက်ခေါင်းနှင့် မီးပူတို့ကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

အဆိုပါ အဆင့်မြင့်မော်တာအပ်ချုပ်သင်တန်းကို နတ်စမ်းကျေးရွာနှင့် ဘိန်းဗျောကျေးရွာတို့မှ သင်တန်းသူ (၁၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁ ရက်နေ့မှ  ၃၁ ရက်နေ့အထိ   ရက်သတ္တပတ် ၄ ပတ်ကြာဖြစ်ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)