ကျိုက်မရော စက်တင်ဘာ ၁
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို သြဂုတ် ၂၉ ရက်နေ့ နံနက် ၁၁နာရီက အ.လ.က အထရံကျောင်းခန်းမ၌ ပြူလုပ် သည်။
အခမ်းအနားတွင် အ.လ.က အထရံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုချိုထက်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးမသုံးမိစေရန် လိုက်နာ သင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူကုန်ကူးမှုအန္တရာယ်နှင့် လူကုန်ကူးမှုခံရသည့်အချက်များ အသက်အရွယ်အလိုက် လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးမှု၏ဆိုးကျိုးများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး သိကောင်းစရာများကို အသိပညာပေးဟောပြော၍ ကျောင်းသားကျောင်းသူများ ကြည်ရှုလေ့လာနိုင်ရန် ပညာပေးနံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြသည်။
ကျိုက်မရော (ပြန်/ဆက်)