ကျိုက်မ​ရော၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျိုက်မရော   စက်တင်ဘာ  ၁

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို  ယနေ့နံနက် ၁၀ နာရီက အ.မ.က(မူလွန်)အောင်သုခကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အ.မ.က မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိက အသိပညာ ဗဟုသုတရရှိစေရန် ဟော​​ပြောပွဲများကို လစဥ်ကျင်းပပေးလျက်ရှိပြီး မှတ်သားလေ့လာကြရန်ဟောပြောပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိူမြတ်မြတ်ထွေးက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ  ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် စာဖတ်ရှိန်မြင့်တင်ရေး စာဖတ်ကြပါပညာပေးနံရံကပ်စာစောင်၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ ပညာပေးနံရံကပ်နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည်ရှုခဲ့ကြသည်။

 မြို့နယ်(ပြန်/ဆက်)