မွန်ပြည်နယ်

ရေးမြို့ အ- ထ-က (၂) ၌ မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပ

ကျောင်းသားကျောင်းသူများ မြန်မာစာရေးသားရာတွင် အထောက်အကူဖြစ်စေရေး ရည်ရွယ်ပြီး ယနေ့ နံနက် ၁၀ နာရီက ရေဦးမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ တွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အမှတ်(၂)ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က ဘိုးနက် (အ.လ.က-ခွဲ) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို Gavi အဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးကွင်းဆင်းဆောင်ရွက်

မိုးစပါးစိုက်ပျိုးရာသီတွင်ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရုစသည့် စပါးဖျက်ပိုးမွှားများ အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝဲကလိ၊ ကမာအုပ်ကျေးရွာတွင် မိုးစပါးပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနည်းပညာပေးဟောပြောခြင်းကို ကွင်းဆင်းဆောင်ရွက်သည်။

ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက အ.မ.က (မြို့သစ်) ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရော၌ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ စီမံကိန်းဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားစေရန်နှင့် ကျေးလက်နေပြည်သူလူထုများ စားသုံးဆီဖူလုံမှုရရှိစေရန်အတွက် ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်အတွင်း အသက် (၉) နှစ်မှ (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်