မွန်ပြည်နယ်

သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မွန်ပြည်နယ်၊ သထုံခရိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသင်းအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက သထုံမြို့နယ် ကတိုက်ကလေးကျေးရွာ အဘယသုခလူမှု ကယ်ဆယ်ရေးအသင်းရုံး၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပန်းကုန်းမွန် (အ.ထ.က) ခွဲကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီက ဟောပြောခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၌ ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သထုံခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေလူငယ်များအလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရေးအတွက် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျုံကကျေးရွာရှိ ရန်ကင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို အ.လ.က(ပုသိမ်ကွင်း)ကျောင်း၌  ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲတက်ရောက်

မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ဘီးလင်းမြို့၊ အ.ထ.က (ရွှေလှေ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့၊ အ.ထ.က (ရွှေလှေ) ကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက် ရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ၌ ကျင်းပခဲ့သည်။

သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လိုက်လံဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ တိုင်တရာအခြေခံပညာမူလတန်း‌ (လွန်) ကျောင်းနှင့် ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အခြေခံပညာမူလတန်း (လွန်) ကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဝဲကလိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်