မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) လိုက်လံထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို ယမန်နေ့ နေ့လယ်ပိုင်းကစတင်ကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

သထုံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းဝင်းအတွင်းမှ ထပ်မံတွေ့ရှိခဲ့ရသည့် ရှေးဟောင်းအုတ်ခွက်ဘုရားများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ဆက်လက်အပ်နှံ

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံဘုရားလမ်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ထပ်မံတူးဖော်တွေ့ရှိခဲ့သည့် မုဒြာပုံစံအမျိုးမျိုးတို့ဖြင့် ရုပ်လုံးပေါ်နှင့် အကျိုးအပဲ့ရှေးဟောင်းအုတ်ခွက်ဘုရားများကို ယမန်နေ့၊ မွန်းလွဲပိုင်းကတာဝန်ရှိသူတို့မှ ပြည်နယ်ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ ဆက်လက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

သထုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) လိုက်လံထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ယနေ့နံနက်ကစတင်ကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လိုက်လံဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ပေးခြင်းကို Gavi အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှပူးပေါင်း၍  စက်တင်ဘာ ၁၈ ရက်နေ့က မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၃)ကျောင်း၌ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက လိုက်လံဆောင်ရွက်ပေးသည်။

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်၊ မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများ တက်ရောက်သည်။

ကျိုက်ထိုမြို့ အ.မ.က (ဇေယျာမွန်တိုးချဲ့) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အ.မ.က (ဇေယျာမွန်) ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရောမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မူလတန်းလွန်ကျောင်း၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့်မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နံနက်မှစတင်ကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

 ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်