ပေါင် စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို Gavi အဖွဲ့နှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်သူကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ စက်တင်ဘာ ၁၈ ရက်နေ့မှစ၍ မြို့နယ်အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ကွင်းဆင်းဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော အမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများ ဆုံးရောဂါဖြစ်ကြောင်း၊ မိန်းကလေးငယ်များအား စောလျင်စွာကာကွယ်ဆေးထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ စက်တင်ဘာ (၁၈) ရက်နေ့ မှ (၂၉) ရက်နေ့အထိ ကျောင်းသူ (၆၅၁၅) ဦးကို ဆေးထိုးစုရပ် (၁၀၅) ခုမှ ကျန်းမာရေးဝန်ထမ်း (၄၆) ဖွဲ့က (၆) ရက်ကြာ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)