ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ချောင်းဆုံ စက်တင်ဘာ ၂၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က ဘိုးနက် (အ.လ.က-ခွဲ) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသက်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ် (ဘေး/စီမံ) ဦးစီးဌာနမှ ဦးစီးမှူး ဦးရဲကျော်လွင်နှင့် ဝန်ထမ်းများမှ သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရန်၊ ရှောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများအား သဘာဝဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)