မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (သင်္ဘောဦး) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်အောင်က မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေးမိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ မြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအပြင် သဘာဝဘေးဖြစ်ပေါ်လာပါက နေထိုင်ရမည့်အကြောင်းအရာများ၊ သဘာဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆောင်ရန် / ရှောင်ရန်များနှင့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသောအကြောင်းအရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့၍ သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

မုဒုံမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့်  အသိပညာပေးလုပ်ငန်းများအပြင် မြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့ပေးမှုများကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)