ရေးမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်(၇း၃၀) အချိန်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကုတင် (၁၀၀) ပြည်သူ့ ဆေးရုံဝန်းကျင် အတွင်းအပြင် သန့်ရှင်းရေးကို စုပေါင်း ပြုလုပ်ခဲ့ကြသည်။