ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရော  အောက်တိုဘာ  ၁၃

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာပေချစ်သူများအဖွဲ့ (Book Club) မှ အဖွဲ့ခေါင်းဆောင်  ဒေါ်ခင်မာသီက အခန်း ၁ မှ လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်စမ်းစမ်းမော်က မျော်လင့်ချက် ခေါင်းစဥ်ပါအပိုဒ်ကိုဆွေးနွေး၍ ဒေါ်ယဥ်မင်းလတ်က အချိန်အခါကိုသိပါ ခေါင်းစဥ်ဖြင့်စာရေးသူ၏ အတွေးအမြင် စာစုများအပေါ် ဆွေးနွေးဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ယနေ့စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့များ၊ စာပေချစ်သူများ၊ စာဖတ်ပရိတ်သတ်များ စုစုပေါင်းအင်အား (၁၀)ဦး တက်ရောက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဥ်စာပေချစ်သူအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ  စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲ (Talk Show) များ စာအုပ်ပြပွဲများကို လစဥ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သူအချင်းချင်း၊ အသင်းအဖွဲ့များအချင်းချင်း ရင်းနှီးချစ်ခင်လာစေပြီး စာပေလေ့လာဖတ်ရှုခွင့်ရရှိစေပြီး စာဖတ်ပရိသတ်တိုးပွားခြင်း၊ စာကြည့်တိုက်အသင်းဝင်ဦးရေ လစဥ်တိုးပွားစေခြင်း စသည့်အကျိူးကျေးဇူးများစွာရရှိစေကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)