မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၄၈)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) အပတ်စဉ် (၄၈)၏ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်သူနာပြု သင်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုဆရာမကြီးငယ်များ၊ သင်တန်းသား/ သူများတက်ရောက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biometric Data) ဆက်လက်ကောက်ယူ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက် (Biometric Data) စာရင်းကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းကျေးရွာ သဲရွှေဝါခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးရေးသင်တန်း” ဖွင့်ပွဲအခမ်းအနား တက်ရောက်

မြန်မာ့ရော်ဘာကို မွန်ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးလျက်ရှိပြီး အရည်အသွေးမြှင့် ထုတ်ကုန်များအဖြစ် တစိုက်မတ်မတ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇဗ္ဗူကျော်ဟိုတယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်၊၊

သံဖြူဇရပ်မြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးမှု မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာလျာထားချက်ပြည့်မီရေးအတွက် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ခြေတုလက်တုအဟောင်းများအား အခမဲ့ပြန်လည်ပြုပြင်တပ်ဆင်ပေးခြင်းကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ခြေတုလက်တု အသုံးပြုနေသူများအား အခမဲ့ပြုပြင်တပ်ဆင်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ပြုလုပ်သည်။

သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်း(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး ကုသခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်နှင့် ရင်ခေါင်း‌(တီဘီရောဂါ)ဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ဘုရားခြောက်ဆူ ပရိယတ္တိစာသင်တိုက်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်အမျိုးသမီးများအသင်း (Woman Club) နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထီးရိုးဘုရား တောင်တက်မော်‌တော်ယာဉ်များအား ကြံ့ခိုင်မှု ရှိ၊ မရှိစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားပွဲတော် ဖွင့်ပွဲအားသီတင်းကျွတ်လပြည့်‌နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကျိုက်ထီးရိုးဘုရားသို့ပို့ဆောင်ပေးမည့် တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးမှုကို ယမန်နေ့နံနက် ၇ နာရီအချိန်က ဘုရားသုံးဆူထိုင်တော်မူဘုရား တောင်‌ခြေ၌ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်၌ အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်