ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပ

ကျိုက်ထို  အောက်တိုဘာ  ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကို ယမန်နေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်အဝေးတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်နိုင်ထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးမှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ပွဲ‌တော်ဖွင့်ပွဲအား သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရားပွဲတော် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ တောင်တက်မော်‌ တော်ယာဉ်အသင်း၊ ဈေးသူ၊ ဈေးသားများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်တက်မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေး၊ ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာယာစွာဖူးမြှော်နိုင်ရေး၊ မိလ္လာနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်စေရေးတို့ကို ဝိုင်းဝန်းပူးပေါင်း စေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးပြည်ထွန်း က လုံခြုံရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ‌သူများမှ ဆံ‌တော်ရှင် ကျိုက်ထီးရိုးစေတီတော်ပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပွဲတော်ကာလမှာ သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)