အမှတ်(၅)မူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြသ

ကျိုက်မရော   အောက်တိုဘာ  ၁၃

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်ပြသပွဲကို  ယမန်နေ့နံနက်  ၁၀ နာရီက အမှတ်၅ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။

ဦးစွာ အမှတ်-၅ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုခွင့် ရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးနှင့် အရွယ်မရောက်သေးသော ကလေးသူငယ်များ  စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေးခြင်းများကို ဟောပြောခဲ့သည်။

ထို့နောက်  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် အရွယ်မရောက်သေးသူများ  စစ်မှုထမ်းခြင်းမှ တာဆီးကာကွယ်ရေး ပညာပေးနံရံကပ်စာစောင်  များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြ ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)