မော်လမြိုင် အောက်တိုဘာ ၁၂
ပြည်သူများစားနပ်ရိက္ခာဖူလုံမှုရှိစေဖို့အတွက် ဆန်စပါးစိုက်ပျိုးတဲ့အပြင် ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေ၊ မြေ၊ ဒေသနဲ့ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့်တွေရရှိနိုင်ရေးအတွက် ဦးစားပေးကဏ္ဍအနေနှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဖားအောက်ကျေးရွာအုပ်စု ရိုးဂိုးကျေးရွာဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်း ကွင်းသရုပ်ပြပွဲနဲ့ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးက ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြည်နယ်အတွင်း မိုးစပါးကို ရာနှုန်းပြည့် ကျော်လွန်စိုက်ပျိုးပြီးဖြစ်လို့ နွေစပါးအပါအဝင် နေကြာနဲ့ အခြားဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်ရေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်တွေမှာလည်း ပိုမိုစိုက်ပျိုးသွားရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာ အဆင်ပြေစေရေးအတွက် ချေးငွေများကို အတိုးနှုန်းသက်သာစွာနဲ့ ချေးယူနိုင်ပြီး ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များဖော်ဆောင်ပြီး စိုက်ပျိုးတဲ့နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဘက်ဘက်မှ ထောက်ပံ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံအတွင်းမှာ အရည်အသွေးမီထုတ်လုပ်ခြင်းနဲ့ ပြည်ပကိုတင်ပို့ခြင်းတွေကို ဆောင်ရွက်နိုင်မယ်ဆိုပါက ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမှာဖြစ်လို့ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေးနဲ့ ထုတ်ကုန်အရည်အသွေး မြင့်မားလာခြင်းနဲ့ ဈေးကွက်ပိုမိုရရှိလာစေရေးတို့အပြင် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းလာရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်အခိုင်အမာ ရရှိဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ဒေသခံနေကြာစိုက်တောင်သူများက စိုက်ပျိုးရေကို နည်းလမ်းပေါင်းစုံမှရရှိနိုင်ရေး လယ်ယာသုံးစက်ကိရိယာတွေကို အရစ်ကျပေးချေစနစ်နဲ့ ဝယ်ယူရရှိနိုင်ရေး၊ ရေငန်တာတမံများ ဆောင်ရွက်ပေးခြင်း၊ သက်သာတဲ့နှုန်းထားတွေနဲ့ ငှားရမ်းအသုံးပြုခြင်း၊ နေကြာအပါအဝင်ဆီထွက်သီးနှံများ စိုက်ပျိုးဖို့အတွက် လိုအပ်တဲ့သွင်းအားစုများ ထောက်ပံ့ပေးခြင်းစသည့် အခြေအနေများကို တင်ပြတောင်းခံခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနဲ့ ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်တာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာတောင်သူများ၏ စံပြစိုက်ခင်းဧက(၃၀၀)အတွက် ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့၊ ရွှေဇီဝကဲ့သို့ သဘာဝမြေဩဇာများအပါအဝင် အခြားလိုအပ်တဲ့ ဓါတ်မြေဩဇာများ သွင်းအားစုဓါတ်မြေဩဇာများ ဝယ်ယူပံ့ပိုးပေးနိုင်ရေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်