မွန်ပြည်နယ်

ကျိုက်မရောမြို့နယ် သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာရဲသွေးထက် ရေးသားသော "ဘဝအတွက်ကြိမ်းသေအောင်မြင်ရေးနည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့ အခြေခံပညာကျောင်းများ၌ ဇီဝဆိုင်ရာအချက်အလက် (Biometric)များ ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများ၌ အသက်ဆယ်နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိပြီးသူများအား ကိုယ်ရေးအချက်အလက်ဆိုင်ရာ (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းကို ယနေ့ နေ့လယ်၁နာရီက ရှင်စောပုရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိ သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဆားလုပ်ငန်းရှင်များအသင်း၏အဖွဲ့အစည်း ပရိုဖိုင်စာအုပ် မိတ်ဆက်ခြင်းနှင့် ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌

(၁၀)မြို့နယ်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမား တက်ရောက်ကြသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၊ ရတနာမွန်ခန်းမ၌ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တကူကနာ(အမက) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် ညောင်လမ်းနှင့်ဘိုးနက်ကျေးရွာတွင် ဒေသတွင်းစားသုံးဆီ ဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန် တော်သူများ ဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများ နေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်း အကျိုးအမြတ်များ ရရှိစေရန်အတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ချောင်းဆုံတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နိုင်ငံတော်အစိုးရမှအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားစေရန်အတွက်ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့တွင် မြို့နယ်(ကျေး/လက်) ဦးစီးဌာနရုံးတွင်ဖွင့်လှစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်အတွင်း MSMEs အသေးစားအလတ်စား စက်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းတွေကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျောက်တန်းစက်မှုနယ်မြေရှိ ငွေမိုးကွန်ကရစ်ဘိလပ်မြေဖျော် စက်ရုံအစည်းအဝေးခန်းမဆောင်တွင် ကျောက်တန်းစက်မှုနယ်မြေ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲကို  မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်