မွန်ပြည်နယ်

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၃ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုကိပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သထုံတွင် မြို့နယ်အဆင့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ‌တော်အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့တွင် နွေစပါးစိုက်ပျိုးမှုစီမံကိန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က ထုံမံ ကျေးရွာ၌ ပြုလုပ်သည်။

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ

၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ် အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမား တက်ရောက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး၊ ဆေးရုံပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခွေးရူးရောဂါတိုက်ဖျက်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်က ချောင်းဆုံမြို့နယ် ကဒါကျေးရွာခန်းမတွင် မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးချမ်းနှင့် မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာအေးမင်းတို့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ကမ္ဘာ့ဆရာများနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့က အ.ထ.က ပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပေါင်မြို့နယ်မှ ဆရာ/ ဆရာမများက နှလုံးသားလှပါသော ဆရာတေးသီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့ပေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။

သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် သက်ကြီးဘိုး/ ဘွားများအား အိမ်တိုင်ရာရောက်ဂါရဝဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုငွေများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ သက်ကြီးဘိုး/ ဘွားများအား ဂုဏ်ပြုပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ဂါရဝဂုဏ်ပြုချီးမြှင့်​ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်