ကျိုက်မရော အောက်တိုဘာ ၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် သမဝါယမအသင်းစုချုပ် ဦးစိုးတင့်တို့က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌ ဦးသန်းမောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သောအသင်းစုကိစ္စရပ်များနှင့် သမဝါယမ လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ သမဝါယမ အသင်းစုဒုတိယဥက္ကဋ္ဌ ဦးထွန်းခင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေ စာရင်းများကိုဖတ်ကြားခြင်း၊ မြို့နယ်အသင်းစုဒါရိုက်တာ အဖွဲ့၏လုပ်ငန်းအစီရင်ခံစာနှင့်ရှေးလုပ်ငန်း စဥ်များဖတ်ကြားတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမ အသင်းစု(၂၈)ခုမှ အမှုဆောင်အဖွဲ့ဝင်များ အသင်းသားများ တက်ရောက်ခဲ့ကြပြီး Exim Bank အပြေအကြေ ပေးဆပ်ပြီးသော အခြေခံသမဝါယမ အသင်းများအားအသင်း ရန်ပုံငွေများကို အသင်းတာဝန်ခံများထံ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)