(၁၀)မြို့နယ်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မော်လမြိုင် အောက်တိုဘာ ၅

မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို  ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမား တက်ရောက်ကြသည်။

ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကတစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုရှေ့ရှုလျက် / ကျောင်းသားလူငယ်မောင်မယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးနှင့်စပ်လျဉ်း၍ ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဉ်ပုံမှန်လှုပ်ရှားစေရန်၊ /ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းပကားတိုးတက်စေရန်နှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးအားကစားကဏ္ဍ တိုးတက်မြင့်မားလာအောင် တာဝန်ရှိသူအားလုံး ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန် အမျိုးသမီးအားကစားသမားများကလည်း မွန်ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွက်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့​ကြပြီး ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ သရုပ်ပြသနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှုအားပေခဲ့သည်။

ဆက်လက်၍ မော်လမြိုင်ကမ်းနားလမ်း အမျိုးသမီးအားကစားအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများသို့ ဂုဏ်ပြုငွေကျပ်(၃)သိန်း ပေးအပ်ချီးမြှင့်ခဲ့မှုအပေါ် တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး၊ မွန်ပြည်နယ် အမျိုးသမီးရေးရာနာယကနှင့်အဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်အားကစားသမားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လဲနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို အောက်တိုဘာ ()ရက်နေ့မှ (၆)ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)