မွန်ပြည်နယ်ဝန်ကြီးချုပ် ဆားလုပ်ငန်းရှင်များအသင်း၏အဖွဲ့အစည်း ပရိုဖိုင်စာအုပ် မိတ်ဆက်ခြင်းနှင့် ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် အောက်တိုဘာ ၆

မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်များကောက်ယူခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ရဲ့ အဓိကထုတ်ကုန်တစ်ရပ်မှာပါဝင်နေတဲ့ ဆားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန်တွင် ဆားလုပ်ငန်းရှင်များနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းရဲ့ ဆောင်ရွက်နိုင်စွမ်းဟာ အဓိကဖြစ်ပါ​ကြောင်း၊  တိရစ္ဆာန်အစားအစာများ၊ စိုက်ပျိုးရေးအတွက် သုံးစွဲခြင်းများနဲ့ ဓာတုဗေဒပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများမှာသုံးစွဲခြင်း၊ စက်မှုကဏ္ဍများဖွံ့ဖြိုးလာတာနဲ့အမျှလိုအပ်နေတဲ့ ဆားကုန်ကြမ်းတွေ ပိုမိုများပြားစွာ သုံးစွဲ​စေနိုင်ခြင်းဖြင့် မွန်ပြည်နယ်ဆားလုပ်ငန်းကော်မတီအ​နေဖြင့် ပြည်နယ်အတွင်း ဆားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက်​ဆောင်ရွက်​ပေးရန်နှင့် ပြည်နယ်၏ ဆားထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​စေ​ရေး ဝိုင်းဝန်းကူညီ​ဆောင်ရွက်​ပေးကြရန်ဖြင့် အမှာစကား​ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များဥက္ကဋ္ဌဦးဝင်းထိန်က မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်းပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်ကောက်ယူခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် National Enlightenment Institute(NEI)မှ Strategic Planning Director ဒေါ်ရည်မွန်ဆုက ဆားကွင်း၊ ဆားစက်လုပ်ငန်းများ၏ အချက်အလက်ကောက်ယူခြင်း လုပ်ငန်းစဥ်အား ပံပိုးကူညီရသည့်အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းဆားလုပ်ငန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆားလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ပြည်နယ်အတွင်း ဆားလုပ်ငန်းများ​ဆောင်ရွက်ရာတွင် အဆင်​ပြေ​ချော​မွေ့​စေ​ရေး MSMEs လုပ်ငန်းများတွင် ဆားလုပ်ငန်းများအတွက် လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)