ပေါင်မြို့နယ် (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.မ.က) ဂွေးပင်ချောင်ကျောင်း၌ ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းက ယခုလို ပညာရည်ချွန်ဆုချီးမြှင့်ခြင်းဖြင့် ကျောင်းသားလူငယ်များ ကျောင်းစာကို ပိုမိုကြိုးစားကြစေရန်နှင့် လူတော်လူကောင်းများဖြစ်စေရန် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါကြောင်း အမှာစကားပြောကြားသည်။