သံဖြူဇရပ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးပြုလုပ်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာစာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။