သံဖြူဇရပ် အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာစာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က မြို့နယ်အဆင့် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီဖြစ်၍ လုပ်ငန်းများအောင်မြင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းငွေထွန်းက စာရင်းကောက်ယူရေး လုပ်ငန်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းအကျိုးကျေးဇူး၊ စာရင်းကောက်ယူမည့် အခြေအနေ၊ ရပ်ကွက်ကျေးရွာအလိုက် စာရင်းကောက်ယူမည့် စာရင်းကောက်များအား စီစစ်ရွေးချယ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားထားပြီးဖြစ်ကြောင်း၊ လိုအပ်သော စာရွက်စာတမ်းပုံစံများကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းငွေထွန်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် အဆိုပါစာရင်းကောက်ယူရေးလုပ်ငန်းကို သံဖြူဇရပ် မြို့နယ်တွင် ရပ်ကွက်ကျေးရွာ ၁၂ ခုတို့တွင် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)