သံဖြူဇရပ် အောက်တိုဘာ ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ခန်းမဆောင်ကြီး၌ ကျင်းပရာ ကျိုက္ခမီမြို့သြဝါဒစရိယဆရာတော်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ သံဖြူဇရပ်တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ ဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ကျိုက္ခမီမြို့အဘိဓမ္မာအသင်းမှ မျှော်ချင့်ပဏ္ဏာကန်တော့လွှာဖြင့် ရွတ်ဆိုပူဇော်ကန်တော့၍ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ သြဝါဒစရိယအေးရိပ်သာမဟာစည်မန္တလေး ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိသုတာစာရထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တသုတ်တရားတော်များ ချီးမြှင့်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများမှ လှူဘွယ်ဝတ္တုအစုစုတို့ကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားပိတ်သိမ်းကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)