ကျိုက်ထို အောက်တိုဘာ ၂၉
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်း ဆောက်တည်သူများ၊ အထင်ကရဘုရား စေတီပုထိုးများနှင့် တန်ခိုးကြီးဘုရားများ၌ ဒေသခံဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် ယနေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်ကြီးများထံမှ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊ တရားတော်များ၊ နာယူကြခြင်း၊ လှူဖွယ်ဝတ္ထုများ ဆပ်ကပ် လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြခြင်းနှင့် ကျိုက်ပေါလောမှဲ့ရှင်ဘုရား၊ ထိုင်တော်မူ ဂေါတမဘုရားတို့၌ ဘုရားဖူးပြည်သူများက ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)