မွန်ပြည်နယ်

ဘီးလင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး‌ ဦးစီးဌာနမှ ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်၌စတင်ကာ ကွင်းဆင်းကောက်ယူလျက်ရှိ‌ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၉)နာရီအချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စုနှင့် ဒေးကင်းကျေးရွာအုပ်စုတို့တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက (အ.လ.က) သဲဖြူကုန်းကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်တွင် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်နေ့နံနက်(၈း၃၀)နာရီက ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာ၊ ရွှေကြာရံစေတီတော်မြတ်ကြီး ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ အမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ အမှတ်စဉ်(၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

သီတင်းကျွတ်ပွဲတော်ကာလတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်အား ဘုရားဖူးပြည်သူ (နှစ်‌သောင်း) ဦး ခန့် လာရောက်ဖူးမြှော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့၌ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားလာရောက် ဖူး‌မြော်ကြသူ (နှစ်သောင်း) ဦးခန့်ရှိပြီး ပြည်တွင်းဘုရားဖူးများပြားကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်