ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ ဘုရားပွဲတော်လာပြည်သူများဖြင့်အထူးစည်ကား

သံဖြူဇရပ်     အောက်တိုဘာ   ၃၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ညတွင် ဘုရားပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

ဘုရားပွဲတော်ကို နှစ်စဥ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ညပိုင်းမှစ၍ လပြည့်ကျော် ၅ ရက်နေ့အထိ နှစ်စဥ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင်လည်း ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပေးခြင်း၊ ဘုရားပွဲတော်လာပြည်သူများမှလည်း ဘုရားပုရဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် တည်းခိုနေထိုင်ကြခြင်းဖြင့် ရပ်နီးရပ်ဝေးမှပြည်သူများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြည်သူများဖြင့် ညပိုင်းတွင်အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)