သီတင်းကျွတ်ကာလ စက်စဲကမ်းခြေ၌ လာရောက်အပန်းဖြေ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

သံဖြူဇရပ် အောက်တိုဘာ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲ၌ ခရီးသွားဧည့်သည်များ ဝင်ရောက်များပြားလျက်ရှိရာ ယနေ့တွင် စက်စဲအပန်းဖြေ ကမ်းခြေတစ်လျှောက် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ​သည်။

ကမ်းခြေ၌ သီတင်းကျွက်ကာလ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည်ကာလများဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အပန်းဖြေရေကစားသူများမှ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးအား လာရောက်ဖူးမျှော်ပြီး အပြန်တွင် စက်စဲကျေးရွာရှိ စက်စဲကမ်းခြေသို့ လာရောက်၍၊ သဲသောင်ပြင်၌ မြင်းစီးခြင်း၊ စက်ဘီးစီးခြင်းနှင့် အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ထိုသို့ အပန်းဖြေရေကစားသူများမှ စိတ်အေးချမ်းမြေ့ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတလူငယ်များမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)