မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် သန့်ရှင်းသာယာသော မြို့တော်ဖြစ်စေရေးအတွက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာ ကျိုက်ရော မြို့မစျေးကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။

(၁၂၃)ကြိမ်မြောက် ကမာဝက်မြို့ ဆံတော်ရှင်ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်တ​မော့​စေတီတော်၏ (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့က မြို့တွင်းလမ်းတစ်လျောက်၌ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။

သွင်းကုန်အစားထိုး ဒေသတွင်းစိုက်ပျိုးရေးသုံးထုတ်ကုန် "ရွှေမြေဆီ" သဘာဝမြေဩဇာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး‌ တိုင်းပြည်၏စီးပွားရေး ထုတ်ကုန်အများစုမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍပင်ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသများ၌ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

သထုံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုနည်း သရုပ်ပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး၊ မီးသတိမူရေးတို့အတွက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးစနစ်တကျ အသုံးပြုနည်း သရုပ်ပြသခြင်းတို့ကို သိမ်ကုန်းရပ်ကွက်ရှိ Hana microfinance ငွေရေးကြေးရေးလုပ်ငန်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ကျိုက္ခမီမြို့အားကစားကွင်းတွင် ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အားကစားကွင်းတွင်၊ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ကြီး၊ ဗုဒ္ဓပူဇနိယပွဲတော်၊ အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူ အသုံးပြုသင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူ အသုံးပြု သင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း ၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာ (ထက်၊လယ်၊မူ)ကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်(၉း၀၀)နာရီ က ချောင်းဆုံ(အထက)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)များ ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး၊ အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ တွင်ကျယ်များပြားလာ၍ ခရီးသွားမြို့ ဖြစ်လာခြင်းလုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ တွင်ကျယ်များပြားလာ၍ ခရီးသွားမြို့ဖြစ်လာခြင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်