ကျိုက်ထိုမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)များ ဆက်လက်ထိုးနှံပေး

ကျိုက်ထို နိုဝင်ဘာ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက်(၉)နှစ်ပြည့်ပြီး၊ အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင်  ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခွန်‌မောင်အိုး ဦးဆောင်‌သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉) နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူ (၄၄၇) ဦးအားထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကာကွယ်ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ/မများ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးလက္ခဏာများ မဖြစ်စေရန် လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)