ချောင်းဆုံ နိုဝင်ဘာ ၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာ (ထက်၊လယ်၊မူ)ကျောင်းများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်းအဆင့် နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်(၉း၀၀)နာရီ က ချောင်းဆုံ(အထက)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁၁)ကျောင်းမှ မူလတန်း အဆင့် နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9 အထိ ကျောင်းသား/သူများ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကို ကျောင်းသား/သူ (၁၅၂) ဦး ၊ သင်္ချာ စွမ်းရည် ပြိုင်ပွဲကို ကျောင်းသား/သူ (၁၅၂) ဦး စုစုပေါင်း ကျောင်းသား/သူ (၃၀၄) ဦး ဝင်ရောင်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)