ကျိုက္ခမီမြို့အားကစားကွင်းတွင် ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အားကစားကွင်းတွင်၊ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ကြီး၊ ဗုဒ္ဓပူဇနိယပွဲတော်၊ အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် အလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖိတ်ခေါ်အလွှတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် (ကျိုက္ခမီFC)အသင်းနှင့် (  သံဖြူဇရပ် FC) အသင်းတို့ယှဥ် ပြိုင်ကစားခဲ့ကြရာ၊ ကျိုက္ခမီ FC အသင်းက သံဖြူဇရပ် FC အသင်းကို (၆) ဂိုး၊ (၅) ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲ၍ ပထမဆုဖလားကြီးကို ဆွတ်ခူးရရှိသွားပြီး၊ ဆုရဘောလုံးအသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် ဘဏ္ဏာတော်ထိမ်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုဖလားနှင့်ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)