(၁၂၃)ကြိမ်မြောက် ကမာဝက်မြို့ ဆံတော်ရှင်ကျိုက်တမော့စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မုဒုံ နိုဝင်ဘာ ၅

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်တ​မော့​စေတီတော်၏ (၁၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ် မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို ယမန်နေ့က မြို့တွင်းလမ်းတစ်လျောက်၌ စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက သီလတော်မြတ်ခံယူဆောက်တည်ကြပြီး မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲတွင် ကမာဝက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေသခံပြည်သူများတို့က သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဘုန်းကြီးကျောင်းတိုက် ၁၆၀ ကျောင်းမှ သံဃာတော် ၅၀၀ ပါး သီလရှင်ကျောင်း ကျောင်းမှ သီလရှင် ၁၀၀ ပါးတို့အား ဆွမ်းဆန်တော်လှူဖွယ်ပစ္စည်းများနှင့် ငွေပဒေသာပင် အလှူငွေတန်ဖိုးငွေကျပ် စုစုပေါင်း သိန်း (၄၀၀)အား စုပေါင်းလောင်းလှူကြသည်။

ဆံတော်ရှင် ကျိုက်တမော့စေတီတော်၏ (၁၂၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ()ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး စေတီတည်ရှိရာ တောင်ပေါ်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးမြှော်နိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ မော်တော်ယာဥ်များဖြင့် တောင်တတ် တောင်ဆင်း ဆောင်ရွက်ထားရှိကြောင်း၊ ဘုရားဖူးပြည်သူများ အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ဘုရားစေတီဂေါပက အဖွဲ့ဝင်များတို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)