သထုံမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုနည်း သရုပ်ပြသခြင်းဆောင်ရွက်

သထုံ နိုဝင်ဘာ 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး၊ မီးသတိမူရေးတို့အတွက် မြို့နယ်မီးသတ်ဉီးစီးဌာနမှ ဉီးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးစနစ်တကျ အသုံးပြုနည်း သရုပ်ပြသခြင်းတို့ကို သိမ်ကုန်းရပ်ကွက်ရှိ Hana microfinance ငွေရေးကြေးရေးလုပ်ငန်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလာင်မှုဖြစ်ပွားရသည့် အဓိကအကြောင်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့်ပြင်ဆင်ထားရှိရေးနှင့် မီးသတ်ဆေးဘူးစနစ်တကျအသုံးပြုသည့် နည်းလမ်း များ၊ အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်ရေးဆွဲ ထားရှိရေး၊ မီးသတ်ရေကန် များ အရန်သင့်ရေအပြည့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ ကြောင့် မီးလောင်မှု မရှိစေရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)