ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကျိုက်မရောမြို့နယ်၊ ပညာရေးမှူးတာဝန်ခံဆရာကြီး ဦးညဏ်လင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ Grade-5 မှ Grade-9 အထိ ကျောင်းသား/ကျောင်းသူများက အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျရာခေါင်းစဥ်များကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယနေ့ကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား(၆၄)ဦး၊ ကျောင်းသူ (၉၈)ဦး စုစုပေါင်း ၁၆၂ ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား(၉၅)ဦး၊ ကျောင်းသူ  (၁၁၁)ဦး စုစုပေါင်း(၂၀၆)ဦးတို့ လာရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိချို(ပြန်/ဆက်)