မွန်ပြည်နယ်

မွန်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/ သူ (၇၉၃)ဦး လွတ်မြောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူစားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား (၅၇၁)ဦး၊ အကျဉ်းသူ (၂၂၂)ဦး စုစုပေါင်း (၇၉၃)ဦး လွတ်မြောက်ခဲ့ပါသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျိုက်မရောအကျဥ်းထောင်မှ အကျဥ်းသား(၂၁၅)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမှတ်(၁/၂၀၂၄) အရ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်မှ အကျဥ်းသား(၂၁၅)ဦးတို့အား ယမန်နေ့ နေ့လည်ပိုင်းက ရာဇဝတ်ကျင့်ထုံး ပုဒ်မ- ၄၀၁၊ ပုဒ်မ ခွဲ(၁)အရစည်းကမ်းချက်များဖြင့် ၄င်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိ သူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်မြို့နယ် အကျဉ်းထောင်(၃)မှ အကျဥ်းသား( ၄၈ )ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁/၂၀၂၄) အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ထုတ်ကုန်စခန်းမှ အကျဥ်းသား(၂၀)ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၇)ဦး၊ အင်းပြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၁) ဦး၊ စုစုပေါင်းအကျဉ်းသား (၄၈) ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် အကျဉ်းစခန်း(၄)ခု မှအကျဉ်းသား/သူ(၇၆)ဦး လွတ်ငြိမ်းခွင့်ပြု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ်(၁/၂၀၂၄)အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အကျဉ်းစခန်း(၄)ခုမှ အကျဥ်းသား/သူ(၇၆)ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနား တက်ရောက်

(၂၀၂၄)ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်းနေရာယူ၍ ၂ဝ၂၄ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ကျင်းပခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

သထုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပျော်ရွှင်ဖွယ်ရာအားကစားပြိုင်ပွဲများ ကျင်းပခြင်း ရောင်စုံမီးများ ဂုဏ်ပြုထွန်းညှိခြင်းများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ယမန်နေ့၌ ပြည်သူအပေါင်းတို့က ပျော်ပွဲရွှင်ပွဲအားကစားအစီအစဉ်များကျင်းပခြင်း အထင်ကရနေရာများ၊ ရုံးဌာနများ၌ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်စုံမီးများ ထွန်းညှိအလှဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၃)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ်(၁/၂၀၂၄)အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၃)ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရစည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းသက်သာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အ.လ.က(ခွဲ)မုကျိ ကျောင်းဆောင်သစ်ဖွင့်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အ.လ.က(ခွဲ)မုကျိ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းဆောင်သစ်၌ မုကျိကျေးရွာတိုက်ကျောင်းဆရာတော်ကြီး၊ မြို့နယ်ပညာရေးမှူးနှင့်စေတနာရှင်အလှူရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အောင်ဆန်းအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်